တူရကီ မူရကီ ဆူရကီယ က ဘာသာစကား တစ်ခု ဖြစ်နေနိုင်ပါသလား။
သမ္မတ ထရမ့်ရဲ့ Spiritual Advisor (မြန်မာလို အနီးစပ်ဆုံးဆို) အထက်လမ်းဆရာမ ပေါ်လာ ဝှိုက်က ထရမ့်အတွက် မဲနိုင်ဖို့ ဆုတောင်းတဲ့ ဗီဒီယိုကို မြင်ဖူးကြလားတော့ မသိဘူး။ ဗီဒီယိုထဲမှာ သူက
“ကောင်းကင်တမန်တွေ ဆင်းလာပြီ။ ပစ်ချလိုက်၊ ပစ်ချလိုက်၊ ပစ်ချလိုက်၊ ပစ်ချလိုက်၊ ကောင်းကင်တမန်တွေ အာဖရိက ကနေ ဆင်းလာကြပြီ။ ဟာမာသာ အာသာ ရာကာ၊ တေရာ ဘာကာ ဆန်သာ အာသာ အိုမို အိုဆာ။ ဘုရားသခင်က ပြောနေတယ် ...” လို့ ပြောနေတာကို ကြားရပါလိမ့်မယ်။ နောက်ဆုံး အပိုင်းက ဘာအဓိပ္ပါယ်မှ မရှိတဲ့ စကားတွေဆိုတာ သတိထားမိကြမှာပါ။
မြန်မာမှာလဲ နဂါး သာသနာပြုဆိုပြီး အစိမ်းရောင် ခေါင်းဆောင်းဝတ်ပြီး အင်တာဗျူးနေရင်းကနေ ရုတ်တရက် အမျိုးသမီးဟာ “ ဗဟုတ် ခွတ်ရှမ ... တူရကီ မူရကီ ဆူရကီယ” ဆိုပြီး အသံချပြီး အဆုံးသတ်သွားတဲ့ ဗီဒီယိုက ခေတ်စားသွားပါသေးတယ်။
သူတို့ နှစ်ယောက်လုံး ပြောနေကြတဲ့ စကားတွေကို Occult လောကမှာ Light language ကို ခေါ်ကြပြီး ကျင့်သုံးသူတွေ ယုံကြည်ကြတာကတော့ သူတို့ဟာ ‘အဆင့်မြင့်တဲ့ ဖြစ်တည်မှု’ တွေနဲ့ ဆက်သွယ်နေကြတာပါတဲ့။
လူတွေဟာ စိတ်ကို ဖွင့်မထားဘဲ သတိကြီးကြီးနဲ့ နေ့စဥ် လှုပ်ရှားသွားလာနေကြတဲ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းပြီး နေ,နေကြရပါတယ်။ နောက်ပြီး ဒီကမ္ဘာဟာ Three dimensions နဲ့ ဖွဲ့စည်းထားတဲ့ အရာ တစ်ခုဖြစ်ပြီး၊ ‘အဆင့်မြင့်တဲ့ ဖြစ်တည်မှု’ တွေဟာ fourth dimension or quantum level မှာ တည်ရှိနေကြတာမို့လို့ တုန်ခါမှု၊ စိတ်အာရုံကနေ တဆင့် ဆက်သွယ်ရပါတယ်တဲ့။
Light language ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ်ပြောချင်တဲ့ အရာတစ်ခုကို စိတ်ထဲကနေ စဥ်းစားပြီး ပေါ့ပါးသွက်လက်တဲ့ ပါးစပ်ရဲ့ တုန်ခါမှု၊ လှုပ်ရှားမှုတွေနဲ့အတူ Universe ကြီးဆီ ပို့လွှတ်လိုက်ရတာပါ။ ဒီကိစ္စမှာတော့ “တူရကီ မူရကီ ဆူရကီယ” ပေါ့။
အဲဒီမှာ ကောင်းကျိုး ၂ ချက် ရှိတယ်လို့ သိရပါတယ်။ ပြောဆိုလိုက်ရတဲ့အတွက် ပထမဆုံး သူ့စိတ်ထဲက ပေါ့သွားပါတယ်။ လောကကြီးက သူ့တုန်ခါမှုတွေကို ပြန်ပြီး တုံ့ပြန်လာမယ်လို့ သူယုံကြည်ထားပါတယ်။ ဒါက ရယ်စရာကြီးလို့ ထင်ပေမဲ့ ခေတ်စားနေတဲ့ Manifestations လုပ်တာကလဲ ဒီသဘောနဲ့ အတူတူပါပဲ။ Light language သမားတွေက အသံထွက်ပြီး လောကကြီးကို တုန်ခါမှုတွေ ပို့လွှတ်လိုက်သလို၊ Manifestation သမားကတော့ စိတ်ဆန္ဒတွေ ပို့လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့ သူရဲ့ ပါးစပ်ကနေ ထွက်သွားတဲ့ တုန်ခါမှုဟာ ခန္ဓာကိုယ်ကို နေလို့ ကောင်းစေပါတယ်။ တချို့သော ဂျင်မ်တွေမှာတောင် တုန်ခါစက်ပေါ် မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်အလေးချိန် လျှော့ချဖို့၊ စိတ်ဖိစီးမှု လျှော့ချဖို့၊ သွေးလည်ပတ်မှု ကောင်းစေဖို့ ဆိုပြီး လေ့ကျင့်တာတွေတောင် ရှိပါတယ်။ တုန်ခါခြင်းနဲ့ ခန္ဓာကိုယ်နဲ့က ဓါတ်တည့်တာမို့ sex toy တွေမှာလဲ တုန်ခါစေတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းတာလို့ ယူဆရပါတယ်။
အတိုချုပ် ပြောရရင် အဲဒီ အမျိုးသမီးဟာ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ အင်မတန် ခေတ်မီနေတဲ့ Light language ကို ကောင်းကောင်းကြီး ချပြလိုက်နိုင်တယ် ဆိုပါတာပဲ။
Light language ကို ယူကျု့ သို့မဟုတ် တစ်တော့မှာ သရုပ်ပြ ဗီဒီယိုတွေကို ရှာဖွေကြည့်ရှုလို့ ရပါတယ်။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…