Banned books week reads!!!
ဖတ်ရှုခွင့် ပိတ်ပင်ထားတဲ့ စာအုပ်များ ရက်သတ္တပတ်အတွက် ဖတ်ဖို့။
The Handmaid's tale by Margret Atwood အမျိုးသမီးတွေကို အတိုအပြတ်ဝတ်ခြင်း၊ အိမ်ထောင်မပြုခြင်း၊ အိမ်ထောင်ဖက်များခြင်း စတဲ့ အချက်တွေကြောင့် တစ်နိုင်ငံလုံးကို အာဏာသိမ်းပြီး မိန်းမတွေကို အဆင့်အတန်းတွေခွဲပစ်၊ မိန်းမအများစုက သားဖောက်စက်အဖြစ်သာ သတ်မှတ်ခံခဲ့ရတယ်။
Madame Bovary by Gustave Flauvert အချစ်မပါတဲ့ အိမ်ထောင်ရေးထဲက အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်း၊ အသိုင်း အဝိုင်း၊ မှားယွင်းတဲ့ မေတ္တာနဲ့ အကြွေးတွေကြောင့် အဆုံးသတ်မလှတဲ့ သူ့ကံကြမ္မာ။ The house of mirth နဲ့ နည်းနည်းဆင်ပေမဲ့ Flauvert ရဲ့ အရေးအသားက ပိုပြီး P0rn ဆန်တယ်လို့ ထင်ရတယ်။
Brave, New World by Aldous Huxley သံဝါသမပါဘဲ ကလေးမွေးကြတဲ့အခါ၊ ချက်ပြုတ်ပြီး စားသောက်စရာမလိုဘဲ ဆေးတစ်တောင့်နဲ့ အာဟာရပြီးမြောက်တဲ့အခါ၊ အရာရာကို စက်နဲ့ အမြောက်အမြား ထုတ်လုပ်ပြီး အပင်ပန်းခံစရာ မလိုတော့တဲ့အခါ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ။ ပုံမှန်လူသားတစ်ယောက်အနေနဲ့ အဲဒီထူးဆန်းတဲ့ ကမ္ဘာကြီးမှာ ဘယ်လိုရှင်သန်နေထိုင်မလဲ။
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…